-
တရားဟောရာ ၂၉:၁၀-၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ “ယေဟောဝါဘုရားရှေ့မှာ မျိုးနွယ်စုခေါင်းဆောင်တွေ၊ အကြီးအကဲတွေ၊ လက်ထောက်ခေါင်းဆောင်တွေ၊ အစ္စရေးအမျိုးသားတွေ၊ ၁၁ ခင်ဗျားတို့ရဲ့ သားမယားတွေ၊+ တပ်စခန်းထဲက တိုင်းတစ်ပါးသားတွေ၊+ ထင်းခွေရေခပ်ပေးသူတွေပါမကျန် အားလုံးက၊ ၁၂ ယေဟောဝါဘုရားရဲ့ ပဋိညာဉ်နဲ့ ကျိန်ဆိုချက်ကို လိုက်နာဖို့သဘောတူတဲ့အနေနဲ့ အခု ဒီမှာရပ်နေကြတယ်။ ဒီနေ့၊ ယေဟောဝါဘုရားက ခင်ဗျားတို့နဲ့ပဋိညာဉ်ဖွဲ့ပြီ။+ ၁၃ ဘုရားသခင်က ကတိပေးခဲ့တဲ့အတိုင်း၊ ဘိုးဘေးအာဗြဟံ၊+ အိဇက်၊+ ယာကုပ်တို့ကို+ ကျိန်ဆိုခဲ့တဲ့အတိုင်း ခင်ဗျားတို့ကို မိမိလူမျိုးအဖြစ် သတ်မှတ်ဖို့၊+ ခင်ဗျားတို့ရဲ့ ဘုရားသခင် ဖြစ်လာဖို့+ အခုလို ပဋိညာဉ်ဖွဲ့ရတာပဲ။
-