-
၁ ဘုရင်များ ၉:၈၊ ၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ဒီအိမ်တော်ဟာလည်း အပျက်အယွင်းပုံကြီး ဖြစ်သွားမယ်။+ လမ်းသွားလမ်းလာတွေက အံ့သြတကြီးကြည့်ပြီး လှောင်ပြောင်ကြမယ်။* ‘ယေဟောဝါက ဒီပြည်နဲ့ ဒီအိမ်တော်ကို ဘာကြောင့် ဒီလိုလုပ်လိုက်တာပါလိမ့်’ လို့ပြောကြလိမ့်မယ်။+ ၉ ပြီးတော့ ‘အီဂျစ်ပြည်ကနေ သူတို့ဘိုးဘေးတွေကို ခေါ်ထုတ်လာတဲ့အရှင် သူတို့ရဲ့ဘုရား ယေဟောဝါကို စွန့်ပစ်တဲ့အပြင် တခြားဘုရားတွေကို ဆည်းကပ်ပြီး ဦးချဝတ်ပြုခဲ့တာကိုး။ ဒါကြောင့် ယေဟောဝါက သူတို့ကို ဒီလိုဘေးဆိုးတွေ ကြုံစေတာပေါ့’ ဆိုပြီး ပြောကြလိမ့်မယ်” လို့ပြောတယ်။+
-
-
၂ ရာဇဝင်ချုပ် ၇:၂၁၊ ၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ ဒီအိမ်တော်ဟာ အပျက်အယွင်းပုံကြီး ဖြစ်သွားမယ်။ လမ်းသွားလမ်းလာတွေက အံ့သြတကြီး ကြည့်ပြီး+ ‘ယေဟောဝါက ဒီပြည်နဲ့ ဒီအိမ်တော်ကို ဘာကြောင့် ဒီလိုလုပ်လိုက်တာပါလိမ့်’ ဆိုပြီး ပြောကြလိမ့်မယ်။+ ၂၂ ပြီးတော့ ‘သူတို့က ဘိုးဘေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာခဲ့တဲ့ဘုရား+ ယေဟောဝါကို စွန့်ပစ်တဲ့အပြင်+ တခြားဘုရားတွေကို ဆည်းကပ်ပြီး ဦးချဝတ်ပြုခဲ့တာကိုး။+ ဒါကြောင့် ဘုရားက သူတို့ကို ဒီဘေးဆိုးတွေ ကြုံစေတာပေါ့’ ဆိုပြီး ပြောကြလိမ့်မယ်။”+
-