၇ ငါ့လူမျိုးတစ်မျိုးလုံးကို အပ်ထားတဲ့ ငါ့ကျွန်မောရှေကိုတော့ အဲဒီလိုမလုပ်ဘူး။+ ၈ ငါကိုယ်တိုင် သူနဲ့ အပြန်အလှန် စကားပြောတယ်။+ စကားထာတွေနဲ့မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ပြောတယ်။ ငါယေဟောဝါ ကိုယ်ထင်ပြတာကိုလည်း သူမြင်ရတယ်။ ဒါတောင် မင်းတို့က ငါ့ကျွန်မောရှေကို ပြစ်တင်ဝေဖန်ရဲသေးလား” ဆိုပြီး ပြောတယ်။