-
တရားသူကြီး ၁၈:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ အဲဒီလူငါးယောက်လည်း ခရီးဆက်ပြီး လဲရှမြို့ကို+ ရောက်လာတယ်။ လဲရှမြို့သားတွေဟာ ဆိုင်ဒုန်မြို့သားတွေလိုပဲ ကိုယ့်အားကိုယ်ကိုးပြီး နေကြတာ၊ အန္တရာယ်ကို မစိုးရိမ်ဘဲ အေးအေးဆေးဆေး နေကြတာ၊+ ဖိနှိပ်သူ၊ ဒုက္ခပေးသူ မရှိတာ၊ ဆိုင်ဒုန်မြို့သားတွေနဲ့ အလှမ်းဝေးတဲ့အပြင် တခြားသူတွေနဲ့လည်း အဆက်အဆံ မလုပ်တာတွေကို သူတို့ သတိထားမိကြတယ်။
-