-
တရားဟောရာ ၁၉:၄-၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ “လူသတ်မိရင် အသက်ချမ်းသာရဖို့ အဲဒီမြို့တွေဆီ ထွက်ပြေးနိုင်တဲ့ အခြေအနေတွေ ရှိတယ်– ကိုယ့်အမျိုးသားချင်းကို မုန်းလို့ မဟုတ်ဘဲ မတော်တဆ သတ်မိတယ်ဆိုရင်၊+ ၅ လူနှစ်ယောက် တောထဲ သစ်ခုတ်သွားတဲ့အခါ တစ်ယောက်က သစ်ခုတ်ဖို့ ပုဆိန်ကို လွှဲလိုက်တော့ ပုဆိန်ရိုး ကျွတ်ထွက်သွားလို့ သူ့အဖော်ကို ထိမှန်ပြီး သေသွားတယ်ဆိုရင် လူသတ်မိသူဟာ အသက်ချမ်းသာရဖို့ အဲဒီမြို့တစ်မြို့ဆီ ထွက်ပြေးရမယ်။+ ၆ ဒါပေမဲ့ အဲဒီမြို့ကိုသွားတဲ့ခရီး ဝေးလွန်းရင် ဒေါသထွက်နေတဲ့ သွေးကြွေးဆပ်ရမယ့်သူက+ လူသတ်မိသူကို အမီလိုက်ပြီး သတ်နိုင်တယ်။ လူသတ်မိသူဟာ သူ့အဖော်ကို မုန်းနေလို့ သတ်လိုက်တာ မဟုတ်တဲ့အတွက် မသေသင့်ဘူး။+
-