ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဝတ်ပြုရာ ၂၆:၃-၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ “ငါ့ဥပဒေတွေ၊ ပညတ်ချက်တွေကို အမြဲ လိုက်နာစောင့်ထိန်းမယ်ဆိုရင်၊+ ၄ အချိန်တန်တဲ့အခါ ငါမိုးရွာစေမှာဖြစ်လို့+ လယ်မှာ ကောက်နှံတွေ ဖြစ်ထွန်းလိမ့်မယ်။+ အပင်တွေလည်း အသီးသီးမယ်။ ၅ သီးနှံတွေ လှိုင်လှိုင်ထွက်တဲ့အတွက် စပါးနယ်လို့မပြီးခင် စပျစ်သီး ဆွတ်ခူးချိန် ရောက်လာမယ်။ စပျစ်သီးဆွတ်ခူးလို့ မပြီးခင်  မျိုးကြဲချိန် ရောက်လာမယ်။ အစားအစာကို  အဝစားပြီး  တိုင်းပြည်မှာ ဘေးကင်းလုံခြုံစွာ  နေထိုင်ရမယ်။+ ၆ တိုင်းပြည်ကို ငါငြိမ်သက်အေးချမ်းစေမှာဖြစ်လို့+ ကြောက်စရာမလိုဘဲ မင်းတို့အိပ်ရမယ်။+ ကြမ်းကြုတ်တဲ့ သားရဲတွေကို တိုင်းပြည်ကနေ ငါဖယ်ရှားပေးမယ်။ ဓားဘေးကြုံရမှာ မဟုတ်ဘူး။ ၇ ရန်သူတွေကို မင်းတို့လိုက်ဖမ်းရလိမ့်မယ်။ ဓားဘေးကြောင့် ရန်သူတွေ ကျဆုံးလိမ့်မယ်။ ၈ မင်းတို့ဘက်က လူ ၅ ယောက်က လူ ၁၀၀ ကို လိုက်ဖမ်းရလိမ့်မယ်။ လူ ၁၀၀ က လူ ၁၀,၀၀၀ ကို လိုက်ဖမ်းရလိမ့်မယ်။ ဓားဘေးကြောင့် ရန်သူတွေ ကျဆုံးလိမ့်မယ်။+

      ၉ “‘မင်းတို့ကို ငါ မျက်နှာသာပေးမယ်။ သားသမီးတွေ အများကြီး မွေးဖွားစေပြီး တိုးများစေမယ်။+ မင်းတို့နဲ့ဖွဲ့ခဲ့တဲ့ ပဋိညာဉ်ကို ငါစောင့်ထိန်းမယ်။+ ၁၀ အရင်နှစ်က သီးနှံဟောင်းတွေကို စားလို့မကုန်သေးခင် သီးနှံသစ်တွေ သိုလှောင်ဖို့ သီးနှံဟောင်းတွေကို ရှင်းထုတ်ရလိမ့်မယ်။ ၁၁ ငါ့တဲတော်ကို မင်းတို့အလယ်မှာ တည်စေမယ်။+ မင်းတို့ကို ငါ မပစ်ပယ်ဘူး။ ၁၂ ငါဟာ မင်းတို့နဲ့အတူရှိပြီး မင်းတို့ရဲ့ဘုရားသခင် ဖြစ်မယ်။+ မင်းတို့လည်း ငါ့လူမျိုးဖြစ်ရလိမ့်မယ်။+

  • တရားဟောရာ ၂၈:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၈ “ယေဟောဝါဘုရားရဲ့ စကားကို ဆက်ဆက် နားထောင်မယ်၊ အခု ကျွန်တော် မှာကြားတဲ့ ပညတ်ချက်အားလုံးကို ဂရုတစိုက် လိုက်နာမယ်ဆိုရင် ယေဟောဝါဘုရားက ခင်ဗျားတို့ကို ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအားလုံးထက် ပိုချီးမြှောက်လိမ့်မယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ