-
ဝတ်ပြုရာ ၂၆:၁၄-၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ “‘ဒါပေမဲ့ ငါ့စကားကို မင်းတို့နားမထောင်ဘူး၊ ပညတ်ချက်တွေကို မလိုက်နာဘူးဆိုရင်၊+ ၁၅ ငါ့ဥပဒေတွေကို ပစ်ပယ်ပြီး+ ငါ့တရားစီရင်ချက်တွေကို ရွံမုန်းမယ်ဆိုရင်၊ ပညတ်ချက်တွေကို မလိုက်နာဘဲ ငါ့ပဋိညာဉ်ကို ချိုးဖောက်မယ်ဆိုရင်၊+ ၁၆ ငါလည်း မင်းတို့ကို စိတ်ဆင်းရဲစရာတွေ၊ အဆုတ်ရောဂါတွေ၊ အပြင်းဖျားတာတွေနဲ့ ဒဏ်ခတ်မယ်။ မျက်စိကွယ်စေမယ်။ မင်းတို့ရဲ့ ဘဝကို လုံးပါးပါးစေမယ်။ မျိုးကြဲတဲ့အခါ ရန်သူတွေ စားပစ်လိုက်လို့ အကျိုးခံစားရမှာ မဟုတ်ဘူး။+ ၁၇ မင်းတို့ကို ငါကျောခိုင်းမှာမို့လို့ ရန်သူတွေရှေ့မှာ ရှုံးနိမ့်ရလိမ့်မယ်။+ လိုက်ဖမ်းသူမရှိဘဲ ထွက်ပြေးရမယ်။+ မုန်းတဲ့သူတွေက မင်းတို့ကို နင်းချေကြလိမ့်မယ်။+
-
-
တရားဟောရာ ၂၈:၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ “ဒါပေမဲ့ ယေဟောဝါဘုရားရဲ့ စကားကို နားမထောင်ဘူး၊ အခု ကျွန်တော် မှာကြားနေတဲ့ ဘုရားရဲ့ ပညတ်ချက်တွေ၊ ဥပဒေတွေကို ဂရုတစိုက် မလိုက်နာဘူးဆိုရင် ခင်ဗျားတို့အပေါ် စုပြုံရောက်လာမယ့် ကျိန်စာတွေကတော့–+
-
-
တရားဟောရာ ၂၈:၆၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆၃ “ယေဟောဝါဟာ ခင်ဗျားတို့ ကောင်းစားပြီး တိုးများအောင် လုပ်ပေးရတာကို နှစ်သက်ခဲ့သလို အစတုံးဖျက်ဆီးရတာကိုလည်း ယေဟောဝါနှစ်သက်လိမ့်မယ်။ ပိုင်ဆိုင်ရတော့မယ့် ပြည်ကနေ ခင်ဗျားတို့ ဖယ်ရှားခံရမယ်။
-