ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၂၈:၁၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ “ဒါပေမဲ့ ယေဟောဝါဘုရားရဲ့ စကားကို နားမထောင်ဘူး၊ အခု ကျွန်တော် မှာကြားနေတဲ့ ဘုရားရဲ့ ပညတ်ချက်တွေ၊ ဥပဒေတွေကို ဂရုတစိုက် မလိုက်နာဘူးဆိုရင် ခင်ဗျားတို့အပေါ် စုပြုံရောက်လာမယ့် ကျိန်စာတွေကတော့–+

  • တရားဟောရာ ၂၈:၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၀ “အကျင့်ဆိုးတွေ ကျင့်ပြီး ဘုရားသခင်ကို စွန့်ပစ်မယ်ဆိုရင် ခင်ဗျားတို့ ဘာပဲလုပ်လုပ် ကျိန်စာတွေ၊ စိတ်ရှုပ်ထွေးစရာတွေ၊ ပြစ်ဒဏ်တွေကို ယေဟောဝါ စေလွှတ်မယ်။ နောက်ဆုံး၊ ခင်ဗျားတို့ လုံးဝဖျက်ဆီးခံရပြီး အမြန်ပျက်စီးသွားမယ်။+

  • ယောရှု ၂၃:၁၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ စောင့်ထိန်းရမယ့် ယေဟောဝါဘုရားရဲ့ ပဋိညာဉ်ကို ချိုးဖောက်မယ်ဆိုရင်၊ တခြားဘုရားတွေကို သွားဝတ်ပြုပြီး ဦးချမယ်ဆိုရင် ခင်ဗျားတို့ကို ယေဟောဝါဘုရား အမျက်ထွက်မယ်။+ ဘုရားပေးထားတဲ့ သာယာလှပတဲ့ ပြည်မှာ ခင်ဗျားတို့ အမြန်ဆုံး ပျက်စီးသွားမယ်။”+

  • ၂ ရာဇဝင်ချုပ် ၁၅:၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂ ဒါနဲ့ သူက အာသနဲ့ တွေ့ဖို့ ထွက်လာပြီး “မင်းကြီး၊ နားထောင်ပါ။ ယုဒအမျိုးသား၊ ဗင်ယာမိန်အမျိုးသားတို့၊ နားထောင်ကြ။ ယေဟောဝါဘုရားဘက်မှာ  ခင်ဗျားတို့ ရှိနေသရွေ့ ဘုရားကလည်း  ခင်ဗျားတို့ဘက်မှာ  ရှိနေမယ်။+ ဘုရားကို ရှာဖွေမယ်ဆိုရင် အတွေ့ခံမယ်။+ ဘုရားကို စွန့်ခွာမယ်ဆိုရင်တော့ ဘုရားကလည်း ခင်ဗျားတို့ကို စွန့်ခွာမယ်။+

  • ဟေရှာယ ၆၃:၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ ဒါပေမဲ့ သူတို့က ပုန်ကန်ပြီး+ သန့်ရှင်းသော စွမ်းအားတော်ကို ဝမ်းနည်းစေတယ်။+

      ဒါကြောင့် ဘုရားဟာ သူတို့ရန်သူဖြစ်လာပြီး+ သူတို့ကို တိုက်ခိုက်ခဲ့တယ်။+

  • ယေရမိ ၁၇:၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ အစ္စရေးတို့ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ယေဟောဝါ၊

      ကိုယ်တော့်ကို စွန့်ပစ်သူတိုင်း အရှက်ကွဲရလိမ့်မယ်။

      ကိုယ်တော့်ကို စွန့်ခွာသွားတဲ့ အယူဖောက်ပြန်သူတွေရဲ့ နာမည်ကို မြေပေါ်မှာ ရေးမှတ်လိမ့်မယ်။+

      သူတို့ဟာ အသက်ရေရဲ့ပင်ရင်း ယေဟောဝါဘုရားကို စွန့်ပစ်ကြလို့ပဲ။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ