-
တရားသူကြီး ၃:၉၊ ၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ ယေဟောဝါဆီ အစ္စရေးတွေ အော်ဟစ်အကူအညီတောင်းတဲ့အခါ+ ယေဟောဝါက ကယ်တင်မယ့်သူတစ်ယောက် ပေါ်ထွန်းစေတယ်။+ သူကတော့ ကာလက်ညီ ကေနတ်ရဲ့သား သြသံယေလဖြစ်တယ်။+ ၁၀ သူ့အပေါ် ယေဟောဝါရဲ့ စွမ်းအားတော် သက်ရောက်ပြီး+ သူဟာ အစ္စရေးတရားသူကြီး ဖြစ်လာတယ်။ သူစစ်တိုက်သွားတဲ့အခါ ယေဟောဝါက မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်ကို သူ့လက်ထဲအပ်တဲ့အတွက် အဲဒီဘုရင်ကို နှိမ်နင်းနိုင်ခဲ့တယ်။
-
-
တရားသူကြီး ၄:၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ အဲဒီအခါ ဒေဗောရက “ကဲ၊ သွားတော့။ ဒီနေ့၊ ယေဟောဝါဘုရားက သိသရကို ရှင့်လက်ထဲ အပ်လိမ့်မယ်။ ရှေ့ကနေ ယေဟောဝါဘုရား သွားနေပြီ” လို့ပြောတော့ ဗာရက်လည်း ပါလာတဲ့လူ ၁၀,၀၀၀ နဲ့အတူ တာဗော်တောင်ကနေ ဆင်းသွားတယ်။
-