-
တရားသူကြီး ၁၆:၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ အတွင်းခန်းထဲမှာတော့ လူတချို့ ချောင်းမြောင်းစောင့်နေတယ်။ ဒေလိလက “ရှံဆုန်၊ ဖိလိတိလူတွေ လာနေပြီ” လို့အော်ပြောတဲ့အခါ ရှံဆုန်က ချည်ထားတဲ့လေးကြိုးတွေကို ဖြတ်ပစ်တယ်။ လျှော်ကြိုး မီးထိပြီး ပြတ်သွားသလို လေးကြိုးတွေ ပြတ်ထွက်ကုန်တယ်။+ သူ့ခွန်အားရဲ့ လျှို့ဝှက်ချက်ကို မသိလိုက်ရဘူး။
-
-
တရားသူကြီး ၁၆:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ဒါနဲ့ ဒေလိလက သူ့ကို ကြိုးသစ်တွေနဲ့ ချည်နှောင်ပြီး “ရှံဆုန်၊ ဖိလိတိလူတွေ လာနေပြီ” လို့အော်ပြောတယ်။ (အဲဒီအချိန်မှာ လူတချို့ အတွင်းခန်းထဲကနေ ချောင်းမြောင်းနေတယ်။) ရှံဆုန်ကတော့ လက်ကိုချည်ထားတဲ့ ကြိုးတွေကို ချည်မျှင်ဖြတ်သလို ဖြတ်ပစ်လိုက်တယ်။+
-
-
တရားသူကြီး ၁၆:၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ ဒေလိလလည်း ရှံဆုန်ရဲ့ ဆံပင်တွေကို ရက်ကန်းထဲ လက်ခတ်နဲ့ ရိုက်သွင်းပြီးနောက် “ရှံဆုန်၊ ဖိလိတိလူတွေ လာနေပြီ” လို့အော်ပြောတယ်။ ရှံဆုန် နိုးလာတဲ့အခါ လက်ခတ်ရော ချည်တွေပါ ပြုတ်ထွက်ပြီး ပါသွားတယ်။
-