-
တရားသူကြီး ၂၀:၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ သူတို့က ဘုရားသခင်ကို မေးမြန်းဖို့ ဗေသလမြို့ကို တက်သွားတယ်။+ “ဗင်ယာမိန်အမျိုးသားတွေကို တိုက်ခိုက်ဖို့ ဘယ်အနွယ် ဦးဆောင်ချီတက်ရမလဲ” လို့မေးတဲ့အခါ ယေဟောဝါက “ယုဒအနွယ် ဦးဆောင်ရမယ်” လို့ဖြေတယ်။
-
-
တရားသူကြီး ၂၀:၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၈ အဲဒီအချိန်မှာ အာရုန်ရဲ့မြေး၊ ဧလာဇာရဲ့သား ဖိနဟတ်က+ သေတ္တာတော်ရှေ့မှာ အမှုဆောင်နေတယ်။ အစ္စရေးတွေက “ကျွန်တော်တို့ရဲ့ ညီအစ်ကို ဗင်ယာမိန်အမျိုးသားတွေကို ထပ်ပြီး စစ်တိုက်ရဦးမလား။ မတိုက်ရတော့ဘူးလား”+ လို့မေးတဲ့အခါ ယေဟောဝါက “သွားတိုက်ခိုက်ပါ။ မနက်ဖြန်ကျရင် သူတို့ကို မင်းတို့လက်ထဲ ငါအပ်မယ်” ဆိုပြီး ဖြေတယ်။
-
-
၁ ရှမွေလ ၂၃:၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ “သူတို့ကို သွားတိုက်ခိုက်ရမလား” လို့ ယေဟောဝါကို မေးတယ်။+ ယေဟောဝါကလည်း “သွားပါ။ ဖိလိတိလူတွေကို တိုက်ခိုက်ပြီး ကိလာမြို့ကို ကယ်တင်ပါ” လို့ဖြေတယ်။
-