ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားသူကြီး ၃:၉၊ ၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၉ ယေဟောဝါဆီ အစ္စရေးတွေ အော်ဟစ်အကူအညီတောင်းတဲ့အခါ+ ယေဟောဝါက ကယ်တင်မယ့်သူတစ်ယောက် ပေါ်ထွန်းစေတယ်။+ သူကတော့ ကာလက်ညီ ကေနတ်ရဲ့သား သြသံယေလဖြစ်တယ်။+ ၁၀ သူ့အပေါ် ယေဟောဝါရဲ့ စွမ်းအားတော် သက်ရောက်ပြီး+ သူဟာ အစ္စရေးတရားသူကြီး ဖြစ်လာတယ်။ သူစစ်တိုက်သွားတဲ့အခါ ယေဟောဝါက မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်ကို သူ့လက်ထဲအပ်တဲ့အတွက် အဲဒီဘုရင်ကို နှိမ်နင်းနိုင်ခဲ့တယ်။

  • တရားသူကြီး ၆:၃၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၄ အဲဒီအချိန်မှာ ယေဟောဝါရဲ့ စွမ်းအားတော်က ဂိဒေါင်အပေါ် သက်ရောက်လာတယ်။+  သူတံပိုးမှုတ်တဲ့အခါ+ အဗျေဇာအမျိုးသားတွေက+ သူ့နောက်လိုက်ဖို့ စုရုံးလာတယ်။

  • တရားသူကြီး ၁၁:၂၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၉ ယေဟောဝါရဲ့ စွမ်းအားတော် သက်ရောက်လာတဲ့အတွက်+ ယေဖသက ဂိလဒ်ပြည်နဲ့ မနာရှေနယ်မြေကို ဖြတ်ပြီး ဂိလဒ်ပြည်၊ မိဇပါမြို့ဆီ ချီတက်တယ်။+ အဲဒီကနေ အမ္မုန်လူတွေဆီ ဆက်ချီတက်သွားတယ်။

  • တရားသူကြီး ၁၄:၅၊ ၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅ ရှံဆုန်ဟာ မိဘတွေနဲ့အတူ တိမနမြို့ကို  ဆင်းသွားတယ်။  တိမနမြို့ စပျစ်ခြံတွေနား ရောက်တဲ့အခါ ခြင်္သေ့တစ်ကောင် သူ့ကို ဟိန်းဟောက်တယ်။ ၆ အဲဒီအခါ ယေဟောဝါရဲ့ စွမ်းအားတော်က သူ့ကို ခွန်အားပေးတဲ့အတွက်+ ဆိတ်ကလေးကို နှစ်ပိုင်းဆွဲဖြတ်သလို ခြင်္သေ့ကို လက်နဲ့ပဲ နှစ်ပိုင်းဆွဲဖြတ်လိုက်တယ်။ မိဘတွေကိုတော့ ဒီအကြောင်း မပြောပြဘူး။

  • ၁ ရှမွေလ ၁၀:၁၀၊ ၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ အဲဒီနေရာကနေ တောင်ပေါ်ကို သူတို့သွားတဲ့အခါ ပရောဖက်တစ်စုနဲ့ တွေ့တယ်။ အဲဒီအချိန်မှာပဲ ဘုရားသခင့်စွမ်းအားတော် သက်ရောက်လာတဲ့အတွက်+ ရှောလုက သူတို့နဲ့အတူ ပရောဖက်ပြုတော့တယ်။+ ၁၁ သူ့ကိုသိထားတဲ့ လူတွေက သူပရောဖက်ပြုနေတာကို မြင်တဲ့အခါ “ကိရှရဲ့သား ဘယ်လိုဖြစ်သွားပါလိမ့်။ ရှောလုလည်း ပရောဖက်ပဲလား” ဆိုပြီး အချင်းချင်း ပြောကြတယ်။

  • ၁ ရှမွေလ ၁၆:၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ အဲဒီအခါ ရှမွေလက ဆီထည့်ထားတဲ့ သိုးချိုကို ယူပြီး+ ဒါဝိဒ်ကို အစ်ကိုတွေရှေ့မှာ ဘိသိက်ပေးလိုက်တယ်။ အဲဒီနေ့ကစပြီး ယေဟောဝါရဲ့ စွမ်းအားတော်က ဒါဝိဒ်ကို ခွန်အားပေးတယ်။+ ရှမွေလလည်း ရာမမြို့ကို ပြန်သွားတယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ