-
၁ ရှမွေလ ၂၅:၁၄-၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ အဲဒီအချိန်မှာ ကျွန်တစ်ယောက်က နာဗလရဲ့ဇနီး အဘိဂဲလဆီ လာပြီး “ဒါဝိဒ်က ကျွန်တော်တို့သခင်ကို နှုတ်ခွန်းဆက်ဖို့ တောထဲကနေ တမန်တွေ လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ သခင်က ရိုင်းရိုင်းစိုင်းစိုင်း အော်ထုတ်တယ်။+ ၁၅ သူတို့က ကျွန်တော်တို့အပေါ် သိပ်ကောင်းခဲ့တာ။ တစ်ခါမှ ဒုက္ခမပေးဖူးဘူး။ သူတို့နဲ့အတူ ရှိနေချိန်တစ်လျှောက်လုံး ကျွန်တော်တို့ပစ္စည်း တစ်ခုမှ မပျောက်ဖူးဘူး။+ ၁၆ ကျွန်တော်တို့ သိုးထိန်းချိန်တစ်လျှောက်လုံးမှာ သူတို့က မြို့ရိုးကြီးတစ်ခုလိုပဲ နေ့ရောညပါ ကျွန်တော်တို့ကို ကာကွယ်ပေးခဲ့တာ။
-