-
၁ ရာဇဝင်ချုပ် ၁၀:၁-၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ ဖိလိတိလူတွေက အစ္စရေးတွေနဲ့ စစ်တိုက်တယ်။ အစ္စရေးစစ်သည်တွေ ထွက်ပြေးရပြီး ဂိလဗောတောင်မှာ အတုံးအရုံး ကျဆုံးသွားတယ်။+ ၂ ဖိလိတိလူတွေက ရှောလုမင်းနဲ့ သားတော် ယောနသန်၊ အဘိနဒပ်၊ မေလခိရွှတို့ကို+ သဲကြီးမဲကြီး လိုက်တိုက်တယ်။ သားတော်သုံးယောက် အသတ်ခံလိုက်ရတယ်။ ၃ ရှောလုကိုလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တဲ့အတွက် လေးသမားပစ်လိုက်တဲ့မြား ထိမှန်ပြီး ဒဏ်ရာရသွားတယ်။+ ၄ ဒါနဲ့ ရှောလုက သူ့လက်နက်ကိုင်ကို “မင်းရဲ့ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်စမ်း။ နို့မို့ဆိုရင် အရေဖျားမဖြတ်တဲ့ အဲဒီလူတွေ ငါ့ကို ရက်ရက်စက်စက် သတ်လိမ့်မယ်”+ လို့ အမိန့်ပေးတယ်။ ဒါပေမဲ့ လက်နက်ကိုင်က ကြောက်လွန်းလို့ မလုပ်ရဲဘူးဖြစ်နေတော့ ရှောလုက ဓားကိုထောင်ပြီး ဓားပေါ် မှောက်ချလိုက်တယ်။+ ၅ ရှောလု သေဆုံးတာကို မြင်တော့ သူ့လက်နက်ကိုင်လည်း ဓားပေါ်မှောက်ချပြီး သေသွားတယ်။
-