-
တရားဟောရာ ၃၂:၃၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၉ ငါဟာ ဘုရားသခင်ပဲ။+
ငါကလွဲလို့ တခြားဘုရား မရှိဘူး။+
ငါဟာ သေစေနိုင်တယ်။ အသက်ရှင်စေနိုင်တယ်။+
ဒဏ်ရာရစေနိုင်တယ်။+ ပျောက်ကင်းစေနိုင်တယ်။+
ငါ့လက်ကနေ ကယ်တင်နိုင်တဲ့သူ မရှိဘူး။+
-
၁ ရှမွေလ ၂:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ယေဟောဝါဟာ သေစေနိုင်တယ်၊ ရှင်စေနိုင်တယ်။
သင်္ချိုင်းရောက်အောင် ပို့နိုင်တယ်၊ သင်္ချိုင်းကနေ ခေါ်ထုတ်နိုင်တယ်။+
-
-
၂ ဘုရင်များ ၄:၃၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၂ ဧလိရှဲ အိမ်ထဲဝင်လာချိန်မှာ သေနေတဲ့ကလေးဟာ သူ့ခုတင်ပေါ် ရှိနေတယ်။+
-
-
၂ ဘုရင်များ ၄:၃၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၄ အဲဒီနောက် ခုတင်ရှိရာကိုသွားပြီး ကလေးပေါ်မှာ ကိုယ်ကိုကိုင်းရင်း နှုတ်ခမ်းချင်း၊ မျက်လုံးချင်း၊ လက်ချင်း ထပ်လိုက်တဲ့အခါ ကလေးရဲ့ကိုယ် နွေးလာတယ်။+
-
-
၂ ဘုရင်များ ၁၃:၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ အစ္စရေးတွေက လူတစ်ယောက်ကို သင်္ဂြိုဟ်နေတုန်း အဲဒီအဖွဲ့ကိုတွေ့တာနဲ့ အလောင်းကို ဧလိရှဲရဲ့သင်္ချိုင်းတွင်းထဲ ပစ်ချပြီး ထွက်ပြေးသွားကြတယ်။+ အဲဒီအလောင်းက ဧလိရှဲရဲ့အရိုးတွေနဲ့လည်း ထိရော အသက်ပြန်ရှင်ပြီး ထလာတယ်။
-
-
လုကာ ၇:၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ သေတဲ့လူက ထိုင်ပြီးစကားပြောတော့တယ်။ ဒါနဲ့ ယေရှုက သူ့ကို မိခင်ဆီ အပ်လိုက်တယ်။+
-
-
တမန်တော် ၂၀:၉၊ ၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ ပေါလု ဟောပြောနေတုန်း ဥတုခုလို့ခေါ်တဲ့ လူငယ်တစ်ယောက်က ပြတင်းပေါက်ဘောင်မှာ ထိုင်ရင်း အိပ်ပျော်သွားလို့ တတိယအထပ်ကနေ ပြုတ်ကျသွားတယ်။ လူတွေ ပွေ့ချီလိုက်တဲ့အခါ သူ သေဆုံးနေပြီ။ ၁၀ ပေါလုလည်း အောက်ထပ်ဆင်းလာပြီးနောက် သူ့အပေါ် ကိုယ်ကိုကိုင်းပြီး ပွေ့ဖက်လိုက်တယ်။+ “မစိုးရိမ်ကြပါနဲ့။ သူ အသက်* ပြန်ရှင်လာပြီ”+ လို့ပြောတယ်။
-
-
ရောမ ၁၄:၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ ဘာကြောင့်လဲဆိုတော့ ခရစ်တော် အသေခံခဲ့ပြီး အသက်ပြန်ရှင်လာတာဟာ သေလွန်သူတွေရဲ့ သခင်၊ အသက်ရှင်သူတွေရဲ့ သခင်ဖြစ်ဖို့ပဲ။+
-
-
ဟီဘရူး ၁၁:၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ ဘုရားသခင် စမ်းသပ်တဲ့အခါ+ အာဗြဟံက ယုံကြည်ခြင်းကြောင့် အိဇက်ကို တကယ် ပူဇော်တော့မလို့ပဲ။
-
-
ဟီဘရူး ၁၁:၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ သားအိဇက်ကို သေခြင်းကနေ ဘုရားသခင် ထမြောက်စေနိုင်တယ်လို့ သူယုံတယ်။ တကယ်လည်း သူ့သားကို သေခြင်းကနေ ပြန်ရသလိုပါပဲ။ ဒါဟာ အနာဂတ်မှာ ဖြစ်လာမယ့်အရာကို ဖော်ပြတယ်။+
-
-
-