-
၂ ဘုရင်များ ၂၁:၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ မနာရှေမင်းက ယုဒအမျိုးကို ယေဟောဝါရှေ့မှာ မကောင်းတာလုပ်ပြီး အပြစ်ကျူးလွန်စေတယ်။ ဒါ့အပြင် အပြစ်မဲ့သူတွေကို သတ်ပြီး ဂျေရုဆလင်တစ်မြို့လုံးမှာ သွေးချောင်းစီးစေတယ်။+
-
-
၂ ဘုရင်များ ၂၃:၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၆ ဒါပေမဲ့ ယေဟောဝါက မိမိကို စိတ်ဆိုးအောင်လုပ်ခဲ့တဲ့ မနာရှေရဲ့ လုပ်ရပ်တွေကြောင့် ယုဒပြည်ကို အမျက်ထွက်နေတုန်းပဲ။+
-
-
၂ ရာဇဝင်ချုပ် ၃၃:၁၁-၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ ဒါကြောင့် ယေဟောဝါက အဆီးရီးယားဘုရင်ရဲ့ တပ်မှူးတွေ လွှတ်ပြီး တိုက်ခိုက်စေတယ်။ မနာရှေကို ချိတ်တွေနဲ့ ဖမ်း၊* ကြေးနီခြေကျဉ်းတွေ ခတ်ပြီး ဗာဗုလုန်မြို့ဆီ ခေါ်သွားကြတယ်။ ၁၂ မနာရှေက ဒုက္ခရောက်နေချိန်မှာ ယေဟောဝါဘုရားရဲ့ မျက်နှာသာရဖို့ အသနားခံပြီး ဘိုးဘေးတို့ရဲ့ ဘုရားသခင်ရှေ့မှာ အကြီးအကျယ် စိတ်နှိမ့်ချလိုက်တယ်။ ၁၃ ဘုရားသခင်ဆီ သူ အမြဲဆုတောင်းတယ်။ ဘုရားသခင်က သူအသနားခံတဲ့အခါ ကရုဏာသက်သွားတယ်၊ မျက်နှာသာရဖို့ တောင်းပန်တာကို နားထောင်ပြီး ဂျေရုဆလင်မြို့မှာ ပြန်နန်းထိုင်စေတယ်။+ အဲဒီအခါ ယေဟောဝါဟာ စစ်မှန်တဲ့ဘုရားပဲဆိုတာ မနာရှေ သိသွားတယ်။+
-