-
ယေရမိ ၅၂:၁၂-၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနန်းစံ ၁၉ နှစ်၊ ငါးလပိုင်း၊ ဆယ်ရက်နေ့မှာ ဗာဗုလုန်ဘုရင်ရဲ့ မင်းမှုထမ်း၊ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က ဂျေရုဆလင်မြို့ကို ရောက်လာတယ်။+ ၁၃ ယေဟောဝါရဲ့ အိမ်တော်၊+ နန်းတော်၊ ဂျေရုဆလင်မြို့က အိမ်တွေအပြင် အိမ်ကြီးအိမ်ကောင်းတွေကို မီးရှို့ပစ်တယ်။ ၁၄ ကိုယ်ရံတော်တပ်မှူး ကွပ်ကဲတဲ့ ခါလဒဲတပ်မကြီး တစ်ခုလုံးက ဂျေရုဆလင်မြို့ရိုးကို ဖြိုချပစ်တယ်။+
-
-
မြည်တမ်းစကား ၄:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ဂျေရုဆလင်မြို့တံခါးထဲ ရန်သူတွေ ဝင်လာတဲ့အခါ
မြေကြီးဘုရင်တွေ၊ ပြည်သူပြည်သားတွေ မယုံနိုင်အောင် ဖြစ်နေတယ်။+
-