-
၂ ရာဇဝင်ချုပ် ၂၄:၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ လုပ်ငန်းပြီးစီးသွားတာနဲ့ လက်ကျန်ငွေကို ဘုရင်နဲ့ ယောယဒဆီ ယူလာကြတယ်။ သူတို့က အဲဒီငွေကိုသုံးပြီး ယေဟောဝါရဲ့ အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းတွေ လုပ်တယ်။ အမှုဆောင်တဲ့အခါ၊ အလှူတွေပူဇော်တဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ခွက်တွေ၊ ရွှေငွေနဲ့လုပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေပဲ။+ ယောယဒလက်ထက် တစ်လျှောက်လုံး ယေဟောဝါရဲ့ အိမ်တော်မှာ မီးရှို့ရာပူဇော်သက္ကာတွေကို+ ပုံမှန်ပူဇော်လေ့ရှိတယ်။
-
-
၂ ရာဇဝင်ချုပ် ၃၆:၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ သူက ယေဟောဝါရဲ့ အိမ်တော်ထဲက အသုံးအဆောင်ပစ္စည်း အကြီးအငယ်ကအစ အိမ်တော်ဘဏ္ဍာ၊ ဘုရင်နဲ့မှူးမတ်တွေရဲ့ ဘဏ္ဍာတွေပါမကျန် ရှိသမျှကို ဗာဗုလုန်မြို့ဆီ သိမ်းယူသွားတယ်။+
-
-
ဧဇရ ၁:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ နေဗုခဒ်နေဇာက ယေဟောဝါရဲ့အိမ်တော် အသုံးအဆောင်ပစ္စည်းတွေကို ဂျေရုဆလင်မြို့ကနေ သိမ်းယူလာပြီး သူ့ဘုရားဗိမာန်မှာ ထည့်ထားခဲ့တယ်။ အဲဒီပစ္စည်းတွေကို ပါးရှားဘုရင်ဆိုင်းရပ်က ထုတ်ပေးတယ်။+
-
-
ဧဇရ ၁:၁၀၊ ၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ ရွှေဖလားငယ် ၃၀၊ ငွေဖလားငယ် ၄၁၀၊ တခြားအသုံးအဆောင်ပစ္စည်း ၁,၀၀၀ ပါတယ်။ ၁၁ ရွှေထည်ငွေထည်ပစ္စည်း စုစုပေါင်း ၅,၄၀၀ ရှိတယ်။ ရှေရှဗာဇာက ပြည်နှင်ခံရသူတွေ+ ဗာဗုလုန်မြို့ကနေ ဂျေရုဆလင်မြို့ကို ပြန်လာချိန်မှာ အဲဒီပစ္စည်းအားလုံးကို သယ်လာတယ်။
-