-
ယေရမိ ၄၀:၇-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ပြည်ကိုကြီးကြပ်ဖို့၊ ဗာဗုလုန်ဆီ ပြည်နှင်မခံရတဲ့ ဆင်းရဲသား ယောက်ျား၊ မိန်းမ၊ ကလေးတွေကို ကြီးကြပ်ဖို့ အဟိကံရဲ့သား ဂေဒလိကို ဗာဗုလုန်ဘုရင် ခန့်အပ်လိုက်တဲ့အကြောင်း တောထဲရောက်နေတဲ့ ဗိုလ်ချုပ်တွေနဲ့ စစ်သည်တွေ ကြားသွားတယ်။+ ၈ ဒါကြောင့် မိဇပါမြို့မှာရှိတဲ့+ ဂေဒလိဆီ သူတို့ရောက်လာကြတယ်။ နာသနိရဲ့သား အိရှမေလ၊+ ကာရာရဲ့သား ယောဟနန်နဲ့+ ယောနသန်၊ တာနုမက်ရဲ့သား စရာယ၊ နေတောဖရွာသား ဧဖဲရဲ့သားတွေ၊ မာခါသိပြည်သား ယေဇနိနဲ့+ သူတို့ရဲ့လူတွေ ဖြစ်တယ်။ ၉ ရှာဖန်ရဲ့မြေး၊ အဟိကံရဲ့သား ဂေဒလိက သူတို့အားလုံးကို “ခါလဒဲလူတွေဆီ ကျွန်ခံရမှာကို မကြောက်ကြနဲ့။ ဒီပြည်မှာ ဆက်နေထိုင်ပြီး ဗာဗုလုန်ဘုရင်ဆီမှာ ကျွန်ခံပါ။ ဒါဆိုရင် ခင်ဗျားတို့ ကောင်းစားလိမ့်မယ်။+
-