-
ယေရမိ ၅၂:၃၁-၃၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၁ ဗာဗုလုန်ဘုရင် ဧဝိလမေရောဒက်က သူနန်းတက်စနှစ်မှာ ယုဒဘုရင် ယေခေါနိကို+ အကျဉ်းချထားရာကနေ လွှတ်ပေးလိုက်တယ်။ ယုဒဘုရင်ယေခေါနိ ပြည်နှင်ခံရပြီး ၃၇ နှစ်မြောက်၊ ၁၂ လပိုင်း၊ ၂၅ ရက်နေ့မှာ ဖြစ်တယ်။+ ၃၂ ဗာဗုလုန်ဘုရင်က ယေခေါနိကို ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံပြီး ဗာဗုလုန်မှာရှိတဲ့ တခြားဘုရင်တွေထက် ချီးမြှောက်ထားတယ်။ ၃၃ ယေခေါနိဟာ အကျဉ်းသားဝတ်စုံကို ချွတ်ပြီး ဗာဗုလုန်ဘုရင်ရှေ့မှာ တစ်သက်လုံး စားသောက်ခွင့်ရတယ်။ ၃၄ သူအသက်ရှင်နေသမျှ ကာလပတ်လုံး သူ့အတွက် နေ့စဉ် အစားအသောက်ကို ဗာဗုလုန်ဘုရင် ပေးသနားတယ်။
-