-
ယောရှု ၂၁:၂၇-၃၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၇ လေဝိအနွယ်ရဲ့ ဆွေမျိုးစုတွေထဲက ဂေရရှုန်အမျိုးသားတွေကို+ မနာရှေအနွယ်တစ်ဝက်ရဲ့ နယ်မြေထဲက မြို့တွေကို ခွဲဝေပေးတယ်။ လူသတ်မိသူအတွက် ခိုလှုံရာမြို့ဖြစ်တဲ့ ဗာရှန်ပြည်က ဂေါလန်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ဗေရှတေရမြို့နဲ့ ဆိုင်ရာစားကျက်မြေကို ပေးလိုက်တယ်။ မြို့ ၂ မြို့ဖြစ်တယ်။
၂၈ အိသခါအနွယ်ရဲ့ နယ်မြေထဲက+ ကိရှုန်မြို့နဲ့ ဆိုင်ရာစားကျက်မြေ၊ ဒါဗရတ်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ၂၉ ယာမုတ်မြို့နဲ့ ဆိုင်ရာစားကျက်မြေ၊ အင်ဂနိမ်မြို့နဲ့ ဆိုင်ရာစားကျက်မြေကို ပေးလိုက်တယ်။ မြို့ ၄ မြို့ဖြစ်တယ်။
၃၀ အာရှာအနွယ်ရဲ့ နယ်မြေထဲက+ မိရှလမြို့နဲ့ ဆိုင်ရာစားကျက်မြေ၊ အာဗဒုန်မြို့နဲ့ ဆိုင်ရာစားကျက်မြေ၊ ၃၁ ဟေလကတ်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ရဟောဘမြို့နဲ့+ ဆိုင်ရာစားကျက်မြေကို ပေးလိုက်တယ်။ မြို့ ၄ မြို့ဖြစ်တယ်။
၃၂ နဿလိအနွယ်ရဲ့ နယ်မြေထဲက ခွဲဝေပေးလိုက်တဲ့ မြို့တွေကတော့ လူသတ်မိသူအတွက် ခိုလှုံရာမြို့ဖြစ်တဲ့+ ဂါလိလဲနယ်က ကေဒေရှမြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ဟန်မုဒေါရမြို့နဲ့ ဆိုင်ရာစားကျက်မြေ၊ ကာတံမြို့နဲ့ ဆိုင်ရာစားကျက်မြေတွေပဲ။ မြို့ ၃ မြို့ဖြစ်တယ်။
၃၃ ဂေရရှုန်အမျိုးသားတွေရဲ့ ဆွေမျိုးစုတွေကို စုစုပေါင်း ၁၃ မြို့နဲ့ ဆိုင်ရာစားကျက်မြေတွေ ခွဲဝေပေးလိုက်တယ်။
-