-
၂ ရှမွေလ ၂၃:၂၀-၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ ယောယဒရဲ့သား ဗေနာယဟာ+ ရဲစွမ်းသတ္တိရှိသူဖြစ်ပြီး ကပ်ဇေလမြို့မှာ+ စွန့်စားတဲ့လုပ်ရပ် အများကြီး လုပ်ဆောင်ခဲ့တယ်။ မောဘလူမျိုးဖြစ်တဲ့ အေရေလရဲ့ သားနှစ်ယောက်ကို သတ်ခဲ့တယ်။ နှင်းကျတဲ့နေ့တစ်နေ့မှာ ရေတွင်းထဲ ဆင်းပြီး ခြင်္သေ့တစ်ကောင်ကို သူသတ်ခဲ့တယ်။+ ၂၁ အီဂျစ်လူထွားကြီး တစ်ယောက်ကိုလည်း သတ်ခဲ့တယ်။ အဲဒီအီဂျစ်လူက လှံကိုင်ထားပေမဲ့ ဗေနာယကတော့ တုတ်တစ်ချောင်းနဲ့ပဲ တိုက်ခိုက်တယ်။ ပြီးတော့ အီဂျစ်လူရဲ့လက်ထဲက လှံကို လုယူပြီး အဲဒီလှံနဲ့ပဲ ထိုးသတ်လိုက်တယ်။ ၂၂ ဒါတွေဟာ ယောယဒရဲ့သား ဗေနာယရဲ့ စွမ်းဆောင်ချက်တွေ ဖြစ်တယ်။ သူရဲကောင်း သုံးယောက်လိုပဲ သူလည်း ဂုဏ်သတင်း ကျော်စောတယ်။ ၂၃ သူက ခေါင်းဆောင် ၃၀ ထက် ထင်ပေါ်ပေမဲ့ ပထမသူရဲကောင်း သုံးယောက်ကိုတော့ မမီဘူး။ ဒါပေမဲ့ ဒါဝိဒ်က သူ့ကို ကိုယ်ရံတော် ခန့်ထားတယ်။
-