ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ဘုရင်များ ၂၁:၂-၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂ မနာရှေဟာ  ယေဟောဝါရှေ့မှာ မကောင်းတာ လုပ်တယ်၊ အစ္စရေးတွေရှေ့ကနေ ယေဟောဝါ မောင်းထုတ်ခဲ့တဲ့+ လူမျိုးတွေရဲ့ ရွံရှာဖွယ် အကျင့်ဓလေ့တွေအတိုင်း လိုက်လုပ်တယ်။+ ၃ ခမည်းတော်ဟေဇကိ ဖျက်ဆီးခဲ့တဲ့ အထွတ်အမြတ်နေရာတွေကို  ပြန်တည်ဆောက်တယ်။+  အစ္စရေးဘုရင် အာဟပ်လိုပဲ+  ဗာလဘုရားအတွက် ယဇ်ပလ္လင်တွေ တည်ပြီး ကိုးကွယ်ရာသစ်တိုင်ကို*+ လုပ်တယ်။ ကောင်းကင်ပေါ်က နေ၊  လ၊  ကြယ်တွေကို  ဦးချဝတ်ပြုတယ်။+ ၄ “ဂျေရုဆလင်မြို့မှာ ငါ့နာမည် တည်စေမယ်” လို့ ယေဟောဝါပြောခဲ့တဲ့နေရာ၊+ ယေဟောဝါရဲ့ အိမ်တော်မှာလည်း ယဇ်ပလ္လင်တွေ တည်တယ်။+ ၅ မနာရှေက ယေဟောဝါရဲ့ အိမ်တော်ရင်ပြင်နှစ်ခုမှာ+ ကောင်းကင်ပေါ်က နေ၊ လ၊ ကြယ်တွေအတွက် ယဇ်ပလ္လင်တွေ တည်တယ်။+ ၆ ကိုယ့်သားကို မီးရှို့ပူဇော်တယ်။ မှော်အတတ်လိုက်စားပြီး  အတိတ်နိမိတ်ဖတ်တယ်။+ နတ်ကတော်တွေ၊ ဗေဒင်ဆရာတွေကိုလည်း  ခန့်ထားတယ်။+ ယေဟောဝါရှေ့မှာ  မကောင်းတာတွေ အကြီးအကျယ်လုပ်ပြီး  အမျက်ထွက်စေတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ