၂၄ မောရှေက ဒီပညတ်တရားမှာပါတဲ့ စကားအားလုံးကို ကျမ်းစောင်ထဲမှာ ချရေးပြီးသွားတဲ့အခါ၊+ ၂၅ ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို ထမ်းတဲ့ လေဝိအမျိုးသားတွေကို မှာကြားတယ်– ၂၆ “ဒီပညတ်ကျမ်းကို ယူပြီး+ ယေဟောဝါဘုရားရဲ့ ပဋိညာဉ်သေတ္တာဘေးမှာ ထားပါ။+ ဒီကျမ်းစောင်ဟာ ခင်ဗျားတို့ကို စစ်ကြောမယ့် သက်သေဖြစ်လိမ့်မယ်။