-
ထွက်မြောက်ရာ ၁၂:၃-၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ အစ္စရေးတစ်မျိုးလုံးကို ပြောရမှာက ‘ဒီလ၊ ဆယ်ရက်နေ့မှာ ဆွေမျိုးစုအလိုက် တစ်အိမ်ထောင်ကို သိုးတစ်ကောင် ယူရမယ်။+ ၄ အိမ်သားနည်းလို့ သိုးတစ်ကောင်လုံး စားလို့မကုန်ရင် အိမ်နီးချင်းနဲ့ပေါင်းပြီး လူဦးရေအလိုက် သိုးကို ခွဲဝေယူရမယ်။ တစ်ယောက်စီ စားနိုင်သလောက် ခွဲတမ်းချရမယ်။ ၅ အနာအဆာမရှိတဲ့+ တစ်နှစ်သားအရွယ် သိုးထီး ဖြစ်ရမယ်။ သိုးဖြစ်ဖြစ်၊ ဆိတ်ဖြစ်ဖြစ် ရတယ်။ ၆ အဲဒီသိုးကို ဒီလ ၁၄ ရက်နေ့အထိ စောင့်ရှောက်ထားပါ။+ နေဝင်ချိန်ရောက်တဲ့အခါ အစ္စရေးမိသားစုတိုင်း သိုးကို သတ်ရမယ်။+ ၇ သွေးတချို့ကိုယူပြီး အိမ်ရဲ့ တံခါးတိုင်နှစ်ဖက်နဲ့ တံခါးထုပ်ပေါ်မှာ သုတ်ရမယ်။+
၈ “‘အဲဒီညမှာ အသားကိုစားရမယ်။+ အသားကို မီးကင်ပြီး တဆေးမဲ့မုန့်၊+ ဟင်းရွက်ခါးတွေနဲ့အတူ+ စားရမယ်။ ၉ အစိမ်းမစားရဘူး၊ ပြုတ်မစားရဘူး။ ခေါင်း၊ ခြေ၊ ဝမ်းတွင်းသားတွေနဲ့အတူ မီးကင်စားရမယ်။ ၁၀ အသားကို မနက်အထိ မချန်ထားရဘူး။ မနက်အထိကျန်သေးရင် မီးရှို့ပစ်ရမယ်။+ ၁၁ စားတဲ့အခါ ခါးစည်းစည်း၊ ဖိနပ်စီး၊ တောင်ဝှေးကိုင်ပြီး မြန်မြန်စားရမယ်။ ဒါဟာ ယေဟောဝါရဲ့ ပသခါပွဲ* ဖြစ်တယ်။
-