-
ယေရမိ ၂၁:၁၊ ၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ ဘုရင်ဇေဒကိက+ မာလခိယရဲ့သား ပါရှုရနဲ့+ မာသေယရဲ့သား ပုရောဟိတ်ဇေဖနိကို+ ယေရမိဆီ စေလွှတ်ချိန်မှာ ယေဟောဝါရဲ့ စကားတော် ယေရမိဆီ ရောက်လာတယ်။ ၂ ဇေဒကိက သူတို့ကို လွှတ်ပြီး “ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက ငါတို့ကို လာတိုက်နေလို့ ယေဟောဝါဘုရားဆီ မေးမြန်းပေးပါဦး။+ သူဆုတ်ခွာသွားရအောင် ငါတို့အတွက် ယေဟောဝါက အံ့ဖွယ်အမှုတစ်ခုခု လုပ်ပေးကောင်းပါရဲ့”+ လို့တောင်းဆိုခိုင်းတယ်။
-
-
ယေရမိ ၃၈:၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ ဘုရင်ဇေဒကိက ပရောဖက်ယေရမိဆီ လူလွှတ်ပြီး ယေဟောဝါအိမ်တော်ရဲ့ တတိယဝင်ပေါက်ကို လာခိုင်းတယ်။ ပြီးတော့ “မင်းကို မေးစရာရှိတယ်။ မထိမ်မချန်ဘဲ ဖြေပါ” လို့ ပြောတဲ့အခါ၊
-
-
ယေရမိ ၃၈:၂၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ အဲဒီအခါ ဇေဒကိက “ဒီအကြောင်းတွေကို ဘယ်သူမှ မသိစေနဲ့။ သိသွားရင် မင်း အသတ်ခံရမှာ။
-