-
ယေဇကျေလ ၁၇:၁၂-၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ “ပုန်ကန်တဲ့အမျိုးကို ပြောလိုက်ပါ– ‘ဒါ ဘာအဓိပ္ပာယ်လဲဆိုတာ မသိကြဘူးလား။ ဗာဗုလုန်ဘုရင်က ဂျေရုဆလင်ကို လာပြီး ဘုရင်နဲ့ မင်းညီမင်းသားတွေကို ဗာဗုလုန်ဆီ ဖမ်းခေါ်သွားပြီ။+ ၁၃ သူက မင်းမျိုးမင်းနွယ်တစ်ယောက်နဲ့+ ပဋိညာဉ်ဖွဲ့ပြီး ကတိသစ္စာပြုခိုင်းတယ်။+ ပြီးတော့ တိုင်းပြည်ရဲ့ အထင်ကရပုဂ္ဂိုလ်တွေကို ဖမ်းခေါ်သွားတယ်။+ ၁၄ ဒါကြောင့် နိုင်ငံဟာ ပြန်မထူထောင်နိုင်လောက်အောင် ကျဆုံးသွားတယ်။ အဲဒီပဋိညာဉ်ကို စောင့်ထိန်းမှသာ ဆက်တည်မြဲနိုင်မှာ။+ ၁၅ ဒါပေမဲ့ ယုဒဘုရင်က ဗာဗုလုန်ဘုရင်ကို ပုန်ကန်တယ်။+ မြင်းတွေနဲ့+ စစ်သည်အင်အားရဖို့ အီဂျစ်ပြည်ဆီ စေတမန်တွေ လွှတ်တယ်။+ သူ အောင်မြင်ပါ့မလား။ အဲဒီလိုလုပ်တဲ့အတွက် ပြစ်ဒဏ်လွတ်ပါ့မလား။ ပဋိညာဉ်ကိုချိုးဖောက်ပြီးတဲ့နောက် လွတ်မြောက်နိုင်မတဲ့လား။’+
-