-
၁ ဘုရင်များ ၁၂:၁-၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ အစ္စရေးအားလုံးက ရောဗောင်ကို မင်းမြှောက်ဖို့ ရှေခင်မြို့ကို ရောက်လာတဲ့အတွက် ရောဗောင်လည်း ရှေခင်မြို့ကို+ သွားတယ်။+ ၂ (ရှောလမုန်မင်းရဲ့ရန်ကို ကြောက်လို့ အီဂျစ်ပြည်မှာ ထွက်ပြေးခိုလှုံနေတဲ့)+ နေဗတ်ရဲ့သား ယေရောဗောင်က အဲဒီသတင်းကို ကြားတယ်။ ၃ ဒါနဲ့ ယေရောဗောင်ကို လူလွှတ်ပြီး ချက်ချင်း ခေါ်လိုက်ကြတယ်။ ယေရောဗောင်နဲ့ အစ္စရေးလူစုကြီးက ရောဗောင်မင်းဆီ အခစားဝင်ပြီး၊ ၄ “မင်းကြီးရဲ့ ခမည်းတော်က ကျွန်တော်တို့အပေါ် လေးလံတဲ့ထမ်းပိုး တင်ခဲ့ပါတယ်။+ ဒါပေမဲ့ မင်းကြီးက ခမည်းတော်ဆီမှာ ကျွန်တော်တို့ ပင်ပင်ပန်းပန်း အမှုထမ်းခဲ့ရတာကို သက်သာအောင် လုပ်ပေးမယ်၊ လေးလံတဲ့ထမ်းပိုးကို ပေါ့အောင်လုပ်ပေးမယ်ဆိုရင် မင်းကြီးဆီမှာ ကျွန်တော်တို့ အမှုထမ်းပါ့မယ်” လို့လျှောက်တင်ကြတယ်။
-