-
၁ ရှမွေလ ၈:၁၁-၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ “ခင်ဗျားတို့ကို အုပ်ချုပ်မယ့် ဘုရင်က ဘာတွေ တောင်းဆိုပိုင်ခွင့်ရှိသလဲဆိုတော့+ ခင်ဗျားတို့ရဲ့သားတွေကို+ သူ့ရဲ့မြင်းရထား မောင်းခိုင်းမယ်။+ မြင်းစီးသူရဲ လုပ်ခိုင်းမယ်။+ တချို့ကို သူ့ရဲ့မြင်းရထားရှေ့မှာ ပြေးခိုင်းမယ်။ ၁၂ တချို့ကို လူတစ်ထောင်အုပ်၊+ ငါးဆယ်အုပ်ဆိုပြီး+ ခန့်ထားလိမ့်မယ်။ တချို့က လယ်ထွန်ပြီး+ ရိတ်သိမ်းပေးရမယ်။+ စစ်လက်နက်တွေ၊ မြင်းရထားအတွက် ပစ္စည်းကိရိယာတွေ လုပ်ပေးရမယ်။+ ၁၃ ခင်ဗျားတို့ရဲ့သမီးတွေကို ဆီမွှေး ဖော်စပ်ခိုင်းမယ်၊ ချက်ပြုတ်ခိုင်းမယ်၊ မုန့်ဖုတ်ခိုင်းမယ်။+ ၁၄ ခင်ဗျားတို့ရဲ့လယ်မြေ၊ စပျစ်ခြံ၊ သံလွင်ခြံထဲက+ အကောင်းဆုံးသီးနှံတွေကို ယူပြီး မင်းမှုထမ်းတွေကို ပေးလိမ့်မယ်။ ၁၅ ခင်ဗျားတို့ရဲ့လယ်မြေနဲ့ စပျစ်ခြံထဲက ဆယ်ပုံတစ်ပုံကို ယူပြီး မင်းအရာရှိတွေနဲ့ မင်းမှုထမ်းတွေကို ပေးလိမ့်မယ်။ ၁၆ ခင်ဗျားတို့ရဲ့ကျွန်ယောက်ျား ကျွန်မိန်းမတွေ၊ အကောင်းဆုံး နွားမြည်းတွေကို ယူပြီး ခိုင်းစေမယ်။+ ၁၇ ခင်ဗျားတို့ရဲ့ သိုးအုပ်တွေထဲက ဆယ်ဖို့တစ်ဖို့ကို ယူလိမ့်မယ်။+ ခင်ဗျားတို့ကိုယ်တိုင်လည်း သူ့ဆီမှာ ကျွန်ခံရလိမ့်မယ်။ ၁၈ ခင်ဗျားတို့ရွေးချယ်တဲ့ ဘုရင်ကြောင့် အော်ဟစ်ရမယ့်အချိန် ရောက်လာလိမ့်မယ်။+ အဲဒီအချိန်ကျရင် ယေဟောဝါဘုရား ပြန်ထူးမှာမဟုတ်ဘူး” လို့သတိပေးတယ်။
-
-
၁ ဘုရင်များ ၄:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ရှောလမုန်က အစ္စရေးနိုင်ငံ တစ်ဝန်းလုံးမှာ ဝန်မင်း ၁၂ ယောက် ခန့်ထားတယ်။ သူတို့က ဘုရင်နဲ့ နန်းတော်သားတွေအတွက် ရိက္ခာဆက်ရတယ်။ တစ်လမှာ ဝန်မင်းတစ်ယောက် အလှည့်ကျ တာဝန်ယူရတယ်။+
-