-
၁ ဘုရင်များ ၁၂:၁၂-၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ရောဗောင်မင်းက “သုံးရက်မြောက်နေ့မှာ ပြန်လာကြ” လို့ ပြောထားတဲ့အတွက် သုံးရက်စေ့တဲ့အခါ ယေရောဗောင်နဲ့ လူတွေ အခစားဝင်လာကြတယ်။+ ၁၃ မင်းကြီးက အသက်ကြီးသူတွေရဲ့ အကြံပေးချက်ကိုပယ်ပြီး လူတွေကို ခက်ခက်ထန်ထန် ပြန်ပြောတယ်။ ၁၄ လူငယ်တွေ အကြံပေးတဲ့အတိုင်း “ခမည်းတော်က မင်းတို့အပေါ် လေးလံတဲ့ထမ်းပိုး တင်ခဲ့တယ်။ အဲဒီထမ်းပိုးကို ပိုလေးအောင် ငါလုပ်ဦးမယ်။ ခမည်းတော်က မင်းတို့ကို ကျာပွတ်နဲ့ရိုက်ပြီး ဒဏ်ပေးခဲ့တယ်။ ငါကတော့ ဆူးချွန်တွေပါတဲ့ ကျာပွတ်နဲ့ရိုက်ပြီး ဒဏ်ပေးဦးမယ်” လို့ ပြန်ပြောလိုက်တယ်။ ၁၅ မင်းကြီးက လူတွေရဲ့စကားကို အရေးမလုပ်ဘူး။ အခြေအနေတွေ အခုလို ပြောင်းလဲသွားအောင် ယေဟောဝါ လုပ်လိုက်တဲ့အတွက်+ ရှိလောမြို့သား အဟိယကတစ်ဆင့် နေဗတ်ရဲ့သား ယေရောဗောင်ကို ယေဟောဝါ ပြောခဲ့တဲ့စကား+ ပြည့်စုံလာတယ်။
-