-
၁ ဘုရင်များ ၁၂:၂၁-၂၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ ရှောလမုန်ရဲ့သား ရောဗောင်က ဂျေရုဆလင်မြို့ကို ပြန်ရောက်လာတယ်။ အစ္စရေးတွေကို တိုက်ခိုက်ပြီး ဘုရင့်အရိုက်အရာကို ပြန်ယူဖို့ ယုဒတစ်မျိုးလုံးနဲ့ ဗင်ယာမိန်အနွယ်ကို ချက်ချင်းစုရုံးလိုက်တယ်။ လက်ရွေးစင် စစ်သည်ပေါင်း ၁၈၀,၀၀၀ ရှိတယ်။+ ၂၂ အဲဒီအချိန်မှာ ဘုရားသခင်က ပရောဖက်* ရှေမာယကို၊+ ၂၃ “ရှောလမုန်ရဲ့သား ယုဒဘုရင် ရောဗောင်၊ ယုဒနဲ့ ဗင်ယာမိန်အမျိုးအပြင် ကျန်တဲ့လူတွေကို ပြောလိုက်ပါ။ ၂၄ ‘“မင်းတို့ရဲ့ညီအစ်ကို အစ္စရေးတွေကို သွားမတိုက်ခိုက်ကြနဲ့။ ကိုယ့်အိမ်ကိုယ် ပြန်ကြ။ ဒီလိုဖြစ်လာအောင်လုပ်တာ ငါပဲ”+ လို့ယေဟောဝါ မိန့်မှာတယ်’” ဆိုပြီး ပြောခိုင်းတယ်။ လူတွေလည်း ယေဟောဝါရဲ့ စကားကို နာခံပြီး ယေဟောဝါပြောတဲ့အတိုင်း အိမ်ပြန်သွားကြတယ်။
-