-
၁ ရာဇဝင်ချုပ် ၂၂:၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ အဲဒီနောက် ဒါဝိဒ်က “ဒီနေရာမှာ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါရဲ့ အိမ်တော် ရှိရမယ်။ ဒီနေရာမှာတော့ အစ္စရေးတွေရဲ့ မီးရှို့ပူဇော်ရာပလ္လင် ရှိရမယ်”+ လို့ပြောတယ်။
-
-
၂ ရာဇဝင်ချုပ် ၁၅:၈၊ ၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ အာသက အာဇရိရဲ့စကားနဲ့ ပရောဖက်သြဒက်ရဲ့ ပရောဖက်ပြုချက်ကို ကြားတဲ့အခါ အားတက်လာတယ်။ ပြီးတော့ ယုဒနဲ့ ဗင်ယာမိန်နယ်မြေတွေ၊ သူသိမ်းယူခဲ့တဲ့ ဧဖရိမ်တောင်တန်းဒေသက မြို့တွေမှာရှိတဲ့ ရွံရှာဖွယ်ရုပ်တုတွေကို ဖယ်ရှားတယ်။+ ယေဟောဝါရဲ့ အိမ်တော် မုခ်ဦးရှေ့က ယေဟောဝါရဲ့ ပူဇော်ရာပလ္လင်ကိုလည်း ပြုပြင်တယ်။+ ၉ အဲဒီနောက် ယုဒအမျိုးသားတွေနဲ့ ဗင်ယာမိန်အမျိုးသားတွေကိုရော ဧဖရိမ်နယ်မြေ၊ မနာရှေနယ်မြေ၊ ရှိမောင်နယ်မြေမှာ နေထိုင်တဲ့ တိုင်းတစ်ပါးသားတွေကိုပါ+ စုရုံးလိုက်တယ်။ အာသမင်းနဲ့အတူ ယေဟောဝါဘုရား ရှိနေမှန်း သိသွားတဲ့အခါ တိုင်းတစ်ပါးသား အမြောက်အမြားလည်း အစ္စရေးပြည်ကနေ ထွက်လာပြီး သူနဲ့ လာပူးပေါင်းကြတယ်။
-