-
၁ ဘုရင်များ ၁၄:၂၅-၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ ရောဗောင်မင်းနန်းစံ ငါးနှစ်မြောက်မှာ အီဂျစ်ဘုရင် ရှိရှက်က+ ဂျေရုဆလင်မြို့ကို ချီတက်တိုက်ခိုက်တယ်။+ ၂၆ သူက ယေဟောဝါရဲ့ အိမ်တော်ဘဏ္ဍာတွေ၊ နန်းတော်ဘဏ္ဍာတွေ၊ ရှောလမုန်လုပ်ခဲ့တဲ့ ရွှေဒိုင်းလွှားတွေ အပါအဝင် ရှိသမျှကို သိမ်းယူသွားတယ်။+ ၂၇ ဒါကြောင့် ရောဗောင်မင်းက ရွှေဒိုင်းလွှားအစား ကြေးနီဒိုင်းလွှားတွေ လုပ်ပြီး နန်းတော်တံခါးစောင့်တွေကို* ကြီးကြပ်တဲ့သူတွေဆီ အပ်လိုက်တယ်။ ၂၈ ယေဟောဝါရဲ့ အိမ်တော်ကို ရောဗောင်မင်းလာတဲ့အခါတိုင်း တံခါးစောင့်တွေက အဲဒီဒိုင်းလွှားတွေကို ကိုင်ဆောင်ထားကြတယ်။ ပြီးရင် အဲဒါတွေကို တံခါးစောင့်အခန်းမှာ ပြန်ထားတယ်။
-