-
၁ ဘုရင်များ ၂၂:၂-၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ သုံးနှစ်မြောက်မှာ ယုဒဘုရင် ယောရှဖတ်က+ အစ္စရေးဘုရင်ဆီ ဆင်းသွားတယ်။+ ၃ အစ္စရေးဘုရင်က မင်းမှုထမ်းတွေကို “ရာမုတ်ဂိလဒ်မြို့ကို+ ငါတို့ပိုင်မှန်း မသိကြဘူးလား။ အဲဒီမြို့ကို ဆီးရီးယားဘုရင်ဆီကနေ ပြန်သိမ်းဖို့ ငါတို့ ဘာလို့တွန့်ဆုတ်နေကြတာလဲ” ဆိုပြီးပြောတယ်။ ၄ ယောရှဖတ်ကိုလည်း “ရာမုတ်ဂိလဒ်မြို့ကို တိုက်တဲ့အခါ ငါနဲ့အတူ စစ်ချီမလား” လို့မေးတော့ ယောရှဖတ်က “ကျုပ်ဟာ မင်းကြီးနဲ့ တစ်စိတ်တစ်ဝမ်းတည်းပါပဲ။ ကျုပ်ရဲ့လူတွေလည်း မင်းကြီးရဲ့လူတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်းပါပဲ။ ကျုပ်ရဲ့မြင်းတွေကလည်း မင်းကြီးရဲ့ မြင်းတွေလိုပါပဲ” ဆိုပြီးပြန်ပြောတယ်။+
-