-
၁ ဘုရင်များ ၂၂:၅၊ ၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ဒါပေမဲ့ ယောရှဖတ်က “ယေဟောဝါဘုရား ဘာပြောမလဲ သိနိုင်ဖို့ အရင်ဆုံး မေးမြန်းကြည့်ပါဦး”+ လို့ပြောတော့၊ ၆ အစ္စရေးဘုရင်က ပရောဖက် ၄၀၀ လောက်ကို စုရုံးပြီး “ရာမုတ်ဂိလဒ်မြို့ကို တိုက်ရမလား၊ မတိုက်ရဘူးလား” လို့မေးတယ်။ သူတို့ကလည်း “သွားတိုက်ခိုက်ပါ။ ယေဟောဝါဘုရားက အဲဒီမြို့ကို မင်းကြီးလက်ထဲ အပ်လိမ့်မယ်” လို့ပြန်ဖြေကြတယ်။
-