-
၁ ဘုရင်များ ၂၂:၂၄-၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ အဲဒီအခါ ခေနာနာရဲ့သား ဇေဒကိက ရှေ့တိုးလာပြီး မိက္ခာယကို ပါးရိုက်တယ်။ “ငါ့ဆီမှာ ယေဟောဝါရဲ့ စွမ်းအားတော် မရှိတော့ဘူး၊ မင်းကပဲ စွမ်းအားတော် လမ်းညွှန်တဲ့အတိုင်း ဟောနေတယ်ပေါ့ ဟုတ်လား” ဆိုတော့၊+ ၂၅ မိက္ခာယက “အတွင်းခန်းထဲ ခင်ဗျားဝင်ပုန်းတဲ့နေ့ကျရင် သိရမှာပါ” လို့ဖြေတယ်။ ၂၆ အဲဒီအခါ အစ္စရေးဘုရင်က “မိက္ခာယကိုဖမ်းပြီး မြို့ဝန်အာမုန်နဲ့ သားတော်ယောရှဆီ အပ်လိုက်စမ်း။ ၂၇ ပြီးတော့ ‘ဒီလူကို အကျဉ်းချထားလိုက်။+ ငါချောချောမောမော ပြန်လာတဲ့အချိန်အထိ သူ့ကို မဝရေစာ ကျွေးထားလိုက်။’ ငါ ဒီလိုအမိန့်ချတယ်ဆိုတာ သူတို့ကိုပြောပြလိုက်” ဆိုပြီး အမိန့်ပေးတယ်။ ၂၈ မိက္ခာယကလည်း “မင်းကြီးသာ တကယ်ပဲ ချောချောမောမော ပြန်ရောက်တယ်ဆိုရင် ကျွန်တော့်ကို ယေဟောဝါဘုရား ပြောတာမဟုတ်ဘူးလို့ မှတ်ပါ”+ လို့လျှောက်ပြီးနောက် “ဒီမှာရှိနေတဲ့ ခင်ဗျားတို့အားလုံးလည်း မှတ်ထားကြ” ဆိုပြီး ပြောတယ်။
-