-
၁ ဘုရင်များ ၂၂:၃၄၊ ၃၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၄ ဒါပေမဲ့ စစ်သည်တစ်ယောက်က မြားတစ်စင်းကို အမှတ်မထင်ပစ်လွှတ်လိုက်တာ အစ္စရေးဘုရင် အာဟပ်ဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာရဲ့ အဆက်ကြားမှာ ထိမှန်သွားတယ်။ ဒါနဲ့ အာဟပ်မင်းက ရထားထိန်းကို “ပြန်လှည့်တော့။ ငါ့ကို စစ်မြေပြင်ကနေ ခေါ်ထုတ်သွားပါ။ ငါအကြီးအကျယ် ဒဏ်ရာရနေပြီ”+ လို့ အမိန့်ပေးတယ်။ ၃၅ အဲဒီတစ်နေ့လုံး တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ အာဟပ်မင်းက မြင်းရထားထဲမှာ လူကိုမှီပြီး ဆီးရီးယားတွေဘက်ကို မျက်နှာမူထားတယ်။ ဒဏ်ရာကသွေးတွေလည်း မြင်းရထားထဲမှာ စီးကျနေတယ်။ ညနေပိုင်းရောက်တော့ ကွယ်လွန်သွားတယ်။+
-