-
၁ ဘုရင်များ ၈:၃၃၊ ၃၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၃ “ကိုယ်တော့်လူမျိုး အစ္စရေးတွေ အကြိမ်ကြိမ် အပြစ်ကျူးလွန်တဲ့အတွက် ရန်သူတွေကို ရှုံးနိမ့်သွားတဲ့အခါ+ ကိုယ်တော့်ဆီ ပြန်လှည့်လာပြီး နာမတော်ကို ချီးမွမ်းမယ်၊+ ဒီအိမ်တော်မှာ ဆုတောင်းပြီး မျက်နှာသာရဖို့ တောင်းပန်မယ် ဆိုရင်၊+ ၃၄ ကောင်းကင်ကနေ နားထောင်ပြီး လူမျိုးတော် အစ္စရေးတွေရဲ့ အပြစ်ကို ခွင့်လွှတ်ပေးပါ။ ဘိုးဘေးတွေကို ပေးထားတဲ့ပြည်ဆီ ပြန်ပို့ဆောင်ပေးပါ။+
-
-
၂ ရာဇဝင်ချုပ် ၆:၂၈-၃၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၈ “တိုင်းပြည်မှာ အငတ်ဘေး၊+ ကပ်ရောဂါဘေး၊+ အပူရှိန်ကြောင့် အပင်သေတဲ့ဘေး၊ မှိုရောဂါ၊+ ကျိုင်းကောင်အုပ် ဒါမှမဟုတ် နှံကောင်အုပ်တွေ+ ကျရောက်တဲ့အခါ၊ မြို့တစ်မြို့ကို ရန်သူတွေဝိုင်းရံတဲ့အခါ+ ဒါမှမဟုတ် ဘေးဒဏ်တစ်မျိုးမျိုး၊ ရောဂါတစ်မျိုးမျိုး ကျရောက်တဲ့အခါ၊+ ၂၉ တစ်ဦးတစ်ယောက်ဖြစ်စေ၊ အစ္စရေးလူအားလုံးဖြစ်စေ (ကိုယ့်ဒုက္ခဝေဒနာကို ကိုယ်ပဲသိတဲ့အတွက်)+ ဒီအိမ်တော်ဘက်ကို လက်ဖြန့်ပြီး ဆုတောင်းမယ်၊+ မျက်နှာသာရဖို့ အသနားခံမယ်ဆိုရင်၊+ ၃၀ စံမြန်းရာ ကောင်းကင်ကနေ နားထောင်ပြီး+ ခွင့်လွှတ်ပေးပါ။+ တစ်ဦးစီရဲ့စိတ်ကို ကိုယ်တော်သိတဲ့အတွက် သူတို့ရဲ့လုပ်ရပ်အတိုင်း ဆုချပေးပါ။ (လူ့စိတ်နှလုံးကို ကိုယ်တော်တစ်ပါးတည်းသာ အမှန်တကယ် သိတာပါ။)+
-