-
၂ ရာဇဝင်ချုပ် ၂၄:၂၄၊ ၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ တကယ်တော့ ကျူးကျော်လာတဲ့ ဆီးရီးယားတပ်က အင်အားနည်းတယ်။ ဒါပေမဲ့ ယေဟောဝါက အင်အားကြီးမားတဲ့ ယုဒတပ်ကို သူတို့လက်ထဲ အပ်ခဲ့တယ်။+ ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါကို ယုဒလူတွေ စွန့်ခွာသွားကြလို့ပဲ။ ဆီးရီးယားတွေက ယောရှကို ပြစ်ဒဏ်စီရင်ကြတယ်။ ၂၅ ဆီးရီးယားတွေ ထွက်ခွာသွားတဲ့အခါ (အကြီးအကျယ် ဒဏ်ရာရပြီး ကျန်ရစ်ခဲ့တဲ့ ယောရှကို) သူ့အမှုထမ်းတွေက လျှို့ဝှက်ကြံစည်ပြီး ခုတင်ပေါ်မှာပဲ ကွပ်မျက်လိုက်တယ်။+ ပုရောဟိတ် ယောယဒရဲ့သားကို သတ်ခဲ့တဲ့အပြစ်ကြောင့်+ ယောရှ အဲဒီလိုခံရတာပဲ။ သူ့ကို ဒါဝိဒ်မြို့မှာ သင်္ဂြိုဟ်ပေမဲ့+ ဘုရင့်သင်္ချိုင်းမှာတော့ မသင်္ဂြိုဟ်ကြဘူး။+
-
-
၂ ရာဇဝင်ချုပ် ၂၈:၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၇ နောက်ပိုင်းမှာ အာခတ် ကွယ်လွန်သွားတဲ့အတွက် ဂျေရုဆလင်မြို့မှာ သင်္ဂြိုဟ်လိုက်တယ်၊ အစ္စရေးဘုရင်တွေရဲ့ သင်္ချိုင်းမှာတော့ မသင်္ဂြိုဟ်ကြဘူး။+ သားတော်ဟေဇကိ ထီးနန်းဆက်ခံတယ်။
-