-
၂ ရာဇဝင်ချုပ် ၂၁:၁၆၊ ၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ အဲဒီနောက် အီသီယိုးပီးယားပြည်နားက အာရပ်လူတွေ၊+ ဖိလိတိလူတွေဆီမှာ+ ယဟောရံကို တိုက်ခိုက်ချင်စိတ် ပေါ်လာအောင် ယေဟောဝါ လှုံ့ဆော်လိုက်တယ်။+ ၁၇ ဒါကြောင့် သူတို့က ယုဒပြည်ကို ကျူးကျော်လာပြီး နန်းတော်မှာ တွေ့သမျှ ပစ္စည်းဥစ္စာတွေကို သိမ်းယူသွားတယ်။+ ယဟောရံရဲ့ သားမယားတွေကိုလည်း ဖမ်းခေါ်သွားတယ်။ သားထွေး ယောခတ်တစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ်။+
-