-
၂ ဘုရင်များ ၁၁:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ မယ်တော်အာသလိက+ သားတော်အာခဇိမင်း သေဆုံးမှန်းသိတာနဲ့+ တော်ဝင်မျိုးဆက် အားလုံးကို သုတ်သင်ပစ်တယ်။+ ၂ ဒါပေမဲ့ ယဟောရံရဲ့ သမီးတော်၊ အာခဇိရဲ့နှမ ယောရှေဘက အာခဇိရဲ့သား ယောရှကို+ ကွပ်မျက်ခံရမယ့် သားတော်တွေထဲကနေ ခိုးယူပြီး အထိန်းတော်နဲ့အတူ အတွင်းအိပ်ခန်းမှာ ဝှက်ထားလိုက်တယ်။ အာသလိ မသိအောင် ဝှက်ထားတဲ့အတွက် ယောရှ အသတ်မခံလိုက်ရဘူး။ ၃ တိုင်းပြည်ကို အာသလိ အုပ်စိုးချိန်အတွင်း ယောရှက အထိန်းတော်နဲ့အတူ ယေဟောဝါရဲ့အိမ်တော်မှာ ခြောက်နှစ်လုံး ပုန်းနေတယ်။
-