ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ဘုရင်များ ၁၁:၅-၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅ ပြီးတော့ “ခင်ဗျားတို့ လုပ်ရမှာက– လူသုံးစု ခွဲလိုက်ပါ။ တစ်စုက ဥပုသ်နေ့မှာ နန်းတော်ကို အသေအချာ စောင့်ကြပ်ဖို့ တာဝန်ယူရမယ်။+ ၆ နောက်တစ်စုက အုတ်မြစ်တံခါးမှာ စောင့်ရမယ်။ နောက်ဆုံးတစ်စုက နန်းတော်စောင့်တွေရဲ့နောက်က တံခါးမှာ စောင့်ရမယ်။ အိမ်တော်ကိုလည်း အလှည့်ကျ စောင့်ကြပ်ရမယ်။ ၇ ဥပုသ်နေ့မှာ တာဝန်မကျတဲ့ အုပ်စုနှစ်စုက ဘုရင်ကိုကာကွယ်ဖို့ ယေဟောဝါရဲ့ အိမ်တော်ကို အသေအချာစောင့်ကြပ်ရတဲ့ တာဝန်ယူရမယ်။ ၈ ယောက်တိုင်း လက်နက်ကိုယ်စီကိုင်ပြီး ဘုရင်ကို ခြံရံစောင့်ကြပ်ရမယ်။ အစောင့်အကြပ်တွေကြား ဝင်လာသူမှန်သမျှ သေဒဏ်ပဲ။ ဘုရင်သွားလေရာရာ ခင်ဗျားတို့လိုက်ရမယ်” ဆိုပြီး ညွှန်ကြားတယ်။

  • ၁ ရာဇဝင်ချုပ် ၉:၂၂-၂၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ တံခါးစောင့်တွေအဖြစ်  ရွေးချယ်ခံရသူ စုစုပေါင်း ၂၁၂ ယောက် ရှိတယ်။ သူတို့က ဆွေစဉ်မျိုးဆက်စာရင်းမှာ ပါတဲ့အတိုင်း ကျေးရွာတွေမှာ နေထိုင်ရတယ်။+ ဒါဝိဒ်နဲ့ အကြားအမြင်ရသူ ရှမွေလက+ ယုံကြည်စိတ်ချရတဲ့ တာဝန်ခံတွေအဖြစ် သူတို့ကို ခန့်အပ်ခဲ့တယ်။ ၂၃ သူတို့နဲ့ သားမြေးတွေက တဲတော်ဖြစ်တဲ့ ယေဟောဝါအိမ်တော်ရဲ့ တံခါးတွေကို စောင့်ကြပ်ဖို့ တာဝန်ယူရတယ်။+ ၂၄ တံခါးစောင့်တွေက အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာစလုံးမှာ စောင့်ကြပ်ရတယ်။+ ၂၅ သူတို့ရဲ့ညီအစ်ကိုတွေကလည်း ကျေးရွာတွေကနေ မကြာမကြာ ရောက်လာပြီး ခုနစ်ရက်ကြာ ကူညီပေးရတယ်။

  • ၁ ရာဇဝင်ချုပ် ၂၆:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၆ တံခါးစောင့်အုပ်စုတွေကတော့–+ ကောရအမျိုးသားတွေထဲမှာ  အာသပ်ရဲ့သားမြေးတွေထဲက ကောရေရဲ့သား မေရှလမိ။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ