-
၂ ဘုရင်များ ၁၁:၉-၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ ကိုယ်ရံတော်တစ်ရာရဲ့ တပ်မှူးတွေလည်း+ ပုရောဟိတ်ယောယဒ ညွှန်ကြားတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာကြတယ်။ တပ်မှူးတွေက ဥပုသ်နေ့မှာ တာဝန်ကျတဲ့သူတွေကိုရော တာဝန်မကျသူတဲ့သူတွေကိုပါ ခေါ်ထားတယ်။ သူတို့အားလုံး ပုရောဟိတ်ယောယဒဆီ လာကြတယ်။+ ၁၀ အဲဒီအခါ ပုရောဟိတ်က တပ်မှူးတွေကို ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ ဒါဝိဒ်မင်းရဲ့လှံတွေ၊ ဒိုင်းဝိုင်းတွေ ပေးလိုက်တယ်။ ၁၁ နန်းတော်စောင့်တွေက+ လက်နက်ကိုယ်စီကိုင်၊ ဘုရင်ကိုခြံရံပြီး ပူဇော်ရာပလ္လင်အနား၊+ အိမ်တော်အနား၊ အိမ်တော်ရဲ့ညာဘက်ကနေ ဘယ်ဘက်အထိ စောင့်ကြပ်ကြတယ်။ ၁၂ အဲဒီနောက် ယောယဒက ဘုရင့်သားတော် ယောရှကို ခေါ်ထုတ်လာတယ်။+ ခေါင်းပေါ် သရဖူဆောင်းပေးပြီး ပညတ်ကျမ်းလိပ်ကို+ တင်တယ်။ ယောရှကို မင်းမြှောက်ပြီး ဘိသိက်ပေးလိုက်တယ်။ “မင်းကြီး အသက်တော် ရှည်ပါစေ” ဆိုပြီး လက်ခုပ်တီးရင်း ကြွေးကြော်ကြတယ်။+
-