-
၂ ဘုရင်များ ၁၁:၁၃-၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ အာသလိက အုတ်အုတ်ကျက်ကျက် ဖြစ်နေတဲ့အသံကို ကြားတာနဲ့ လူတွေစုဝေးနေတဲ့ ယေဟောဝါရဲ့အိမ်တော်ကို ရောက်လာတယ်။+ ၁၄ ထုံးစံရှိတဲ့အတိုင်းတိုင်နားမှာ ဘုရင်ရပ်နေတာကို သူတွေ့လိုက်ရတယ်။+ တပ်မှူးတွေနဲ့ ခရာမှုတ်သူတွေက+ ဘုရင့်အနားမှာ ရှိနေပြီး ပြည်သူပြည်သားတွေလည်း ဝမ်းသာအားရ ခရာမှုတ်နေကြတယ်။ ဒါနဲ့ အာသလိက ကိုယ့်အဝတ်ကိုဆွဲဆုတ်ပြီး “ဒါ ပုန်ကန်မှုပဲ။ ပုန်ကန်နေကြတာပဲ” လို့အော်တော့တယ်။ ၁၅ ပုရောဟိတ်ယောယဒက တပ်သားတွေကို ကြီးကြပ်ရတဲ့ ရာတပ်မှူးတွေကို+ “အစောင့်အကြပ်တွေကြားကနေ သူ့ကို ခေါ်ထုတ်သွားကြ။ သူ့နောက်ကို လိုက်တဲ့သူရှိရင်လည်း ဓားနဲ့ကွပ်မျက်ကြ” လို့အမိန့်ပေးတယ်။ ယောယဒက “သူ့ကို ယေဟောဝါဘုရားရဲ့ အိမ်တော်ထဲမှာ မသတ်ကြနဲ့” ဆိုပြီး မှာထားတဲ့အတွက်၊ ၁၆ သူ့ကို ဖမ်းချုပ်လိုက်ပြီး နန်းတော်ထဲ မြင်းတွေဝင်တဲ့နေရာ+ ရောက်တဲ့အခါ ကွပ်မျက်ကြတယ်။
-