-
ထွက်မြောက်ရာ ၂၀:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ ငါကလွဲလို့ တခြားဘုရားတွေကို မကိုး ကွယ်နဲ့။+
-
-
၂ ရာဇဝင်ချုပ် ၂၈:၂၂၊ ၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ အာခတ်မင်းက အဲဒီလို ဒုက္ခရောက်နေတဲ့အချိန်မှာ ယေဟောဝါအပေါ် သစ္စာမဲ့တဲ့လုပ်ရပ်တွေ ပိုလုပ်လာတယ်။ ၂၃ သူက “ဆီးရီးယားဘုရားတွေက ဆီးရီးယားဘုရင်တွေကို ကူညီတာပဲ။ ငါလည်း အဲဒီဘုရားတွေကို ယဇ်ပူဇော်မယ်ဆိုရင် ငါ့ကိုကူညီပေးမှာပဲ”+ ဆိုပြီး သူ့ကို အရေးနိမ့်စေခဲ့တဲ့+ ဒမတ်စကတ်မြို့ရဲ့ ဘုရားတွေကို ယဇ်ပူဇော်တော့တယ်။+ ဒါပေမဲ့ အဲဒီဘုရားတွေက သူနဲ့ အစ္စရေးအားလုံးကို ကျရှုံးစေခဲ့တယ်။
-