၁၈ ကျွန်တော်တို့ကို ဘုရားသခင် ထောက်မပေးနေတဲ့အတွက် အစ္စရေးရဲ့သား၊ လေဝိရဲ့မြေး၊ မဟာလိရဲ့ သားမြေးတွေထဲက+ သတိပညာရှိသူ ရှေရဘိ၊+ သူ့သားတွေနဲ့ ညီအစ်ကို ၁၈ ယောက်ကို ခေါ်လာကြတယ်။ ၁၉ ဟာရှဘိ၊ သူနဲ့အတူ မေရာရိအမျိုးသားတွေထဲက+ ယေရှာယ၊ သူ့ညီအစ်ကိုတွေနဲ့ သူတို့ရဲ့သားတွေ အယောက် ၂၀ လည်း ပါတယ်။