၁၇ အဲဒီအချိန်အတွင်းမှာ ယုဒအရာရှိတွေက+ တောဘိဆီ စာတွေအများကြီး ရေးပို့တယ်။ တောဘိကလည်း စာပြန်လေ့ရှိတယ်။ ၁၈ တောဘိဟာ အာရာရဲ့သား+ ရှေကနိရဲ့ သားမက်ဖြစ်တဲ့အပြင် သားယေဟောဟနန်ကလည်း ဗေရခိရဲ့သား မေရှုလံရဲ့သမီးနဲ့+ ယူထားတာကြောင့် ယုဒလူအများစုက သူ့ဘက် ရပ်တည်ပါ့မယ်လို့ ကတိသစ္စာပြုထားကြတယ်။