-
ထွက်မြောက်ရာ ၃၄:၁၅၊ ၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ အဲဒီပြည်သားတွေနဲ့ မိတ်မဖွဲ့ကြနဲ့။ သူတို့ရဲ့ဘုရားတွေကို ဝတ်ပြုပြီး* ယဇ်ပူဇော်တဲ့အခါ+ မင်းတို့ကို ဖိတ်ခေါ်လိမ့်မယ်။ အဲဒီအခါ ယဇ်ပူဇော်ထားတာတွေကို စားမိလိမ့်မယ်။+ ၁၆ ဒီလိုနဲ့ ကိုယ့်သားတွေကို သူတို့ရဲ့သမီးတွေနဲ့ ပေးစားမိလိမ့်မယ်။+ သူတို့ရဲ့သမီးတွေက နတ်ဘုရားတွေကိုဝတ်ပြုတဲ့အခါ မင်းတို့ရဲ့သားတွေကိုလည်း ဝတ်ပြုခိုင်းလိမ့်မယ်။+
-
-
တရားဟောရာ ၇:၃၊ ၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ သူတို့နဲ့ ထိမ်းမြားပေးစားတာမျိုး မလုပ်နဲ့။ ကိုယ့်သမီးတွေကို သူတို့သားတွေနဲ့ မပေးစားနဲ့။ သူတို့သမီးတွေကိုလည်း ကိုယ့်သားတွေနဲ့ မပေးစားနဲ့။+ ၄ ဘုရားသခင်ကို စွန့်ပစ်ပြီး တခြားဘုရားတွေကို ဝတ်ပြုအောင် ခင်ဗျားတို့ရဲ့ သားသမီးတွေကို သူတို့သွေးဆောင်လိမ့်မယ်။+ အဲဒီအခါ ခင်ဗျားတို့ကို ယေဟောဝါ အမျက်ထွက်ပြီး ချက်ချင်း ဖျက်ဆီးလိမ့်မယ်။+
-