-
တောလည်ရာ ၂၂:၄-၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ သူတို့က “နွားတွေ မြက်ကိုစားပစ်သလို ဒီလူတွေလည်း ဒို့ပတ်ဝန်းကျင်မှာ ရှိသမျှကို စားပစ်တော့မယ်” ဆိုပြီး မိဒျန်လူမျိုး အကြီးအကဲတွေကို+ ပြောကြတယ်။
အဲဒီအချိန်တုန်းက မောဘပြည်ကို ဇိဖော်ရဲ့သား ဗာလက် အုပ်ချုပ်နေတယ်။ ၅ ဗာလက်မင်းက သူ့တိုင်းပြည်ရဲ့မြစ်ကြီး*အနား၊ ပေသော်မြို့မှာနေတဲ့ ဗောရရဲ့သား ဗာလမ်ဆီ+ တမန်တွေ လွှတ်လိုက်ပြီး “အီဂျစ်ပြည်ကနေ ထွက်လာတဲ့ လူမျိုးတစ်မျိုးက မြေတစ်ပြင်လုံးကို ပျံ့နှံ့သွားလိုက်တာ+ အခုတော့ ငါ့ရှေ့တည့်တည့်ကို ရောက်နေပြီ။ ၆ သူတို့က ငါ့ထက် ပိုအင်အားကြီးနေလို့ သူတို့ကို ကျိန်စာတိုက်ပေးဖို့ မင်းလာခဲ့ပါ။+ ငါ အနိုင်ရပြီး သူတို့ကို တိုင်းပြည်ကနေ မောင်းထုတ်နိုင်ကောင်းပါရဲ့။ မင်းကောင်းချီးပေးတဲ့သူက ကောင်းချီးရပြီး မင်းကျိန်စာတိုက်တဲ့သူက ကျိန်စာသင့်မှန်း ငါသိတယ်” လို့ မှာလိုက်တယ်။
-