-
၁ ဘုရင်များ ၁၁:၁-၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ ရှောလမုန်မင်းကြီးဟာ ဖာရောမင်းရဲ့ သမီးတော်အပြင်+ မောဘ၊+ အမ္မုန်၊+ ဧဒုံ၊ ဆိုင်ဒုန်၊+ ဟိတ္တိ+ အမျိုးသမီးတွေဖြစ်တဲ့ တိုင်းတစ်ပါးသူ+ အများကြီးကိုလည်း ချစ်ကြိုက်တယ်။ ၂ အဲဒီလူမျိုးတွေနဲ့ ပတ်သက်လို့ ယေဟောဝါက “သူတို့နဲ့ ထိမ်းမြားပေးစားတာ မလုပ်နဲ့။ သူတို့ရဲ့ဘုရားတွေကို ဝတ်ပြုဖို့ မင်းတို့စိတ်ယိုင်သွားအောင် လုပ်ကြလိမ့်မယ်”+ လို့ အစ္စရေးတွေကို ပြောခဲ့တယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးတွေကိုမှ ရှောလမုန် စွဲစွဲလမ်းလမ်း ချစ်နေတယ်။ ၃ သူ့မှာ မင်းသမီးတွေဖြစ်တဲ့ မိဖုရား ၇၀၀၊ မောင်းမ ၃၀၀ ရှိတယ်။ မိဖုရားတွေက သူ့ကို တဖြည်းဖြည်းချင်း စိတ်ယိုင်သွားအောင် လုပ်ကြတယ်။ ၄ ရှောလမုန် အသက်ကြီးလာတဲ့အခါ+ မိဖုရားတွေက တခြားဘုရားတွေကို ဝတ်ပြုဖို့ စိတ်ယိုင်သွားအောင် လုပ်ကြတယ်။+ ဒါကြောင့် ရှောလမုန်က ယေဟောဝါဘုရားကို ခမည်းတော်ဒါဝိဒ်လို စိတ်နှလုံးအကြွင်းမဲ့ ဝတ်မပြုတော့ဘူး။ ၅ ဆိုင်ဒုန်လူမျိုးရဲ့ဘုရားမ အာရှတရက်၊+ အမ္မုန်လူမျိုးရဲ့ ရွံရှာဖွယ်ဘုရား မိလကုံကို+ ဝတ်ပြုလာတယ်။
-